ယူနိုက်တက်ဟာ ပေါ့ဂ်ဘာကို မလိုအပ်တော့ဘူးလို့ တည့်ပြောလိုက်တဲ့ ပေါလ် အင့်စ်

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ဟာ ဒီ ဘောလုံး ရာသီ အတွင်း ဒဏ်ရာ ပြသနာ တွေနဲ့သာ ရုန်းကန် နေခဲ့ ရတာ ကြောင့် အသင်း အတွက် ပွဲထွက် ကစား ခွင့်တွေ နည်းပါး ခဲ့ရ ပါတယ် ။ ဒါ့အပြင် ပွဲထွက် ခွင့် ရတဲ့ အချိန် တွေမှာလည်း ထူးကဲတဲ့ ခြေစွမ်း မပြ နိုင်ခဲ့ ပါဘူး ။
ဒီကြားထဲ ဒဏ်ရာ ပြသနာ ကြုံတွေ့ ခဲ့တဲ့ အချိန် တွေ အငြိမ် မနေ ခဲ့ပဲ ဘက်စကတ်ဘော ကစားခြင်း ၊ အစ်ကို တွေရဲ့ ပွဲကို နည်းပြ လုပ်ခြင်း ၊ မင်္ဂလာဆောင် မှာ ကခုန်ခြင်း ၊ ဖက်ရှင်ပွဲ တွေကို တက်ရောက်ခြင်း တွေ ပြုလုပ် ခဲ့တာ ကြောင့် ယူနိုက်တက် အတွက် ကစား ပေးလိုစိတ် မရှိ တော့ဘူး လို့ ဝေဖန် ခံခဲ့ရ ပါ သေးတယ် ။

ဒါ့အပြင် ဒီ ကြားထဲ ဇီဒန်း နဲ့ တွေ့ဆုံ ခဲ့တဲ့ အတွက် ရီးယဲ မက်ဒရစ် အသင်းကို ပြောင်းရွှေ့ လိုနေတယ် ဆိုတဲ့ သတင်း တွေ ပြန်လည် ကျယ်လောင်ခဲ့ သလို အေးဂျင့် ဖြစ်သူ မီနို ရိုင်အိုလာက သူ့ရဲ့ ကစားသမား အတွက် အီတလီ မြေဟာ အိမ်လို ဖြစ်နေ ပြီ ဖြစ်ကြောင်း ပြောကြား ခဲ့တဲ့ အတွက် သူဟာ ဂျူဗင်တပ် ဆီ ပြန်လည် ပြောင်းရွှေ့မယ် ဆိုတဲ့ သတင်း တွေ ပြန်လည် ထွက်ခဲ့ ပါ သေးတယ် ။
ဒါပေမယ့် ပေါ့ဂ်ဘာ မရှိ ခဲ့တဲ့ အချိန် တွေမှာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ်ပိုင်း ဟာ ဖန်တီးမှု အားနည်း နေခဲ့ပြီး ပရိသတ် တွေကို ကျေနပ်အောင် ဖျော်ဖြေ ပေးနိုင်ခြင်း မရှိခဲ့ ပါဘူး ။ ဒါ့ကြောင့် ယူနိုက်တက် အသင်း ဟာ ကွင်းလယ်ပိုင်း တောင့်တင်း စေဖို့ အတွက် ဇန်နဝါရီ မှာ စပို့တင်း လစ္စဘွန်း အသင်း မှ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကို ပေါင် 67.7 သန်း နဲ့ ခေါ်ယူ ခဲ့တာ ပဲ ဖြစ်ပါတယ် ။

ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကို စတင် ရောက်ရှိ ခဲ့ပြီး အသင်းဖော် အသစ်တွေနဲ့ လေ့ကျင့်ချိန် လုံလုံလောက်လောက် မပိုင်ဆိုင် နိုင်ခဲ့ ပေမယ့် ပထမဆုံး ပွဲစဉ် မှာပဲ ပွဲထွက် ကစားခွင့် ရရှိ ခဲ့ပြီး ပရိသတ် တွေ နှစ်ခြိုက်တဲ့ ခြေစွမ်းမျိုး ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။ အဲ့ဒီနောက် သူဟာ အသင်း အတွက် ပါဝင်ခွင့် ရရှိ ခဲ့တဲ့ ပွဲစဉ် တိုင်းမှာ ခြေစွမ်းကောင်း ပြသ နိုင်ခဲ့ ပါတယ် ။
အခုတော့ ဘရူနို ဖာနန်ဒက်စ် ဟာ အသင်း အတွက် ကိုယ်တိုင် ဂိုးတွေ သွင်းယူ ပေးနိုင်ခဲ့ သလို အသင်းဖော် ဖြစ်သူ တွေ အတွက် ဂိုး ဖန်တီးမှု တွေကိုလည်း လုပ်ဆောင် ပေးနိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် ယူနိုက်တက် အသင်း ရဲ့ အသင်းလိုက် ကစားပုံ ဟာလည်း တိုးတက် ကောင်းမွန် လာခဲ့သလို အသင်းသား တိုင်းက ပွဲစဉ် တွေမှာ စိတ်အား ထက်သန်စွာ ကစား ပေးနေ ကြတာကို မြင်တွေ့ ခဲ့ရ ပါတယ် ။
ဒါ့ကြောင့် ဘရူနို ဟာ ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ် မှာ အရေး အကြီးဆုံး ကစားသမား တစ်ဦး ဖြစ်လာ ခဲ့ပြီလို့ ဆိုရ ပါ့မယ် ။ ထို့အတူ မကြာခန ထွက်ပေါ် နေခဲ့တဲ့ ပေါ့ဂ်ရဲ့ ကောလဟာလ သတင်း တွေကြောင့် ကစားသမား ဖြစ်သူ အပေါ် စိတ်ရှည် သည်းခံ နိုင်ခြင်း မရှိကြ တော့တဲ့ ယူနိုက်တက် ပရိသတ် အချို့ က ‘ ပေါ့ဂ်ဘာ မရှိလဲ ရတယ် ‘ ဆိုတဲ့ မှတ်ချက် တွေကို ပေးနေ ခဲ့ကြ ပါပြီ ။

အခြား တစ်ဖက် မှာတော့ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ကစားသမား တွေ ဖြစ်ကြတဲ့ စကော့ မက် တော်မီနေး ၊ ဖရက်ဒ် ၊ မာတစ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ ကြံ့ခိုင်မုှ အပြည့်အဝ ကောင်းမွန် နေကြ သလို ခြေစွမ်းကောင်း တွေလည်း အဆက်မပြတ် ပြသ နိုင်ခဲ့ ကြတာ ကြောင့် ယူနိုက်တက် အသင်း ရဲ့ ကွင်းလယ်ပိုင်း မှာ အားနည်းချက် မရှိ သလောက် ဖြစ်နေ ခဲ့ရ ပါပြီ ။

အခုတော့ ယူနိုက်တက် အသင်း ရဲ့ ကစားသမား ဟောင်း ဖြစ်တဲ့ ပေါလ် အင့်စ် ကိုယ်တိုင် က ခြေစွမ်း ကောင်းတွေ ပြသ နေပြီ ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ် ဟာ အသင်း မှာ ရှိနေ တာကြောင့် ယူနိုက်တက်တို့ ပေါ့ဂ်ဘာ ကို ရှေ့ဆက် လိုအပ် တော့မှာ မဟုတ်ကြောင်း ၊ အကယ်လို့ ကစားသမား ကိုယ်တိုင်က အသင်းပြောင်း လိုမယ် ဆိုရင် အလွယ်တကူ လက်လွှတ် ခံလို့ ရပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။
” ပရိသတ် တွေက ပေါ့ဂ်ဘာဟာ ယူနိုက်တက် အသင်း အတွက် စတား ကစားသမား ဖြစ်လာ လိမ့်မယ် လို့ တွေးတော မျှော်လင့် ထားခဲ့ ကြ ပါတယ် ။ ဒါပေမယ့် ဘယ်လို ဖြစ်လာခဲ့ သလဲ ဆိုတာ ကို အားလုံး မြင်တွေ့ ခဲ့ရ ပါတယ် ။ ဒါ့ကြောင့် အခု အချိန် မှာ ပေါ့ဂ်ဘာ သာ အသင်း ပြောင်းလို နေတယ် ဆိုရင် အိုလီ အတွက် ဆုံးဖြတ်ချက် ချမှတ်ဖို့ ပိုပြီး အဆင်ပြေ လွယ်ကူ သွားပါ လိမ့်မယ် ”

” အခု အသင်း မှာ ဘရူနို ရှိနေ ခဲ့ပြီ လေ ။ လက်ရှိ အသင်း ရဲ့ အနေအထား အရ ယူနိုက်တက် တို့ သူ့ကို လိုအပ် နေကြတယ် လို့တောင် မခံစား ရတော့ ပါဘူး ။ တစ်ကယ်တမ်း ပြောကြားရမယ် ဆိုရင် ပေါ့ဂ်ဘာ ဟာ ခမ်းနားတဲ့ ပွဲစဉ် အချို့ ကိုပဲ ပိုင်ဆိုင် နိုင်ခဲ့ပြီး ပွဲစဉ် အများစု မှ ခြေစွမ်း တွေက ထူးကဲ ကောင်းမွန်မှု မရှိ သလောက် ဖြစ်ခဲ့ရ ပါတယ် ။ လက်ရှိ အနေအထား က ယူနိုက်တက် အသင်း အတွက် တစ်ကယ်ပဲ ကောင်းမွန် ပါတယ် ”

 

” အကယ်လို့ ဒီ ဘောလုံး ရာသီ မကုန်ဆုံးခင် ပေါ့ဂ်ဘာ ဟာ အသင်း အတွက် ပြန်လည် ကစား ပေးဖို့ အဆင်သင့် ဖြစ်နိုင် ခဲ့မယ် ဆိုရင်တောင် ပွဲထွက်ခွင့် ချက်ချင်း ရဖို့ သိပ် မရေရာ တော့ ပါဘူး ။ သူဟာ ပွဲထွက်ခွင့် နေရာ တစ်ခု ရရှိ ခဲ့မယ် ဆိုရင်တောင် အဲ့တာ ကို အပိုင်သိမ်း နိုင်ဖို့ ဆက်လက် တိုက်ပွဲ ဝင်ရ ပါ လိမ့်မယ် ” လို့ ပေါလ် အင့်စ် က သုံးသပ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

တစ်ကယ်လည်း ပေါလ် အင့်စ် ပြောသလို ပဲ ဖြစ်လာ နိုင်ပါလိမ့်မယ် ။ လက်ရှိ ယူနိုက်တက် အသင်းမှာ ပွဲထွက်ခွင့် ရရှိ နေတဲ့ ကစားသမား တိုင်းက ခြေစွမ်း ကောင်းတွေ ပြသ နေခဲ့ကြ ပါတယ် ။ ဒီလို အချိန် မှာ ပေါ့ဂ်ဘာ ရောက်လာပြီး နေရာ တစ်ခု ယူကာ ခြေစွမ်း မပြနိုင် ဖြစ်မယ် ဆိုရင် ပွဲထွက်ခွင့် ဆုံးရှံုး ရမယ့် ကစားသမား က ထကြွ လာမှာ အသေအချာ ပါပဲ ။ ဒီလိုသာ ရှေ့ဆက် ဖြစ်လာမယ် ဆိုရင် ဒါဟာ အိုလီ အတွက် ခေါင်းခဲ စရာ ပြသနာ တစ်ရပ် ဖြစ်သွား ပါ လိမ့်မယ် ။
ယူနိုက်တက် ရဲ့ လက်ရှိ ကွင်းလယ် အနေအထား က ကောင်းမွန် နေတဲ့ အတွက် ဆိုးလ်ရှား အနေ နဲ့ ပေါ့ဂ်ဘာ ကို ကမ႓ာ့ အဆင့် ကစားသမား ဆိုပြီး အခွင့်အရေး လိုတာထက် ပိုပြီး မပေးဖို့ ဆင်ခြင် ရမှာ အသေအချာ ပါပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ နည်းပြ တစ်ဦး အတွက် အရေး အကြီးဆုံး က နိုင်ပွဲ တွေနဲ့ အသင်းသား တွေ စည်းလုံးရေး ပါပဲ ။ ဒါကို ရယူ ပေးနိုင်ခြင်း မရှိတဲ့ ကစားသမား တွေ အပေါ် ဆိုးလ်ရှား ဖက်က ဆုံးဖြတ်ချက် ပြတ်သားဖို့ လိုအပ် ပါတယ် ။

#Sports_Myanmar