အသင်းဖော်ဟောင်း ဖြစ်သူကို အကြင်နာ ကင်းမဲ့သူလို့ နာမည်ပေး လိုက်တဲ့ #ရွန်းနီ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ FA ဖလား Round 5 ပွဲစဉ် အဖြစ် ဒါဘီ ကောင်တီ အသင်းကို ပရိုက်ဒ် ပါ့ခ် ကွင်းထဲ မှာ သွားရောက် ကစား ခဲ့ ရပြီး 0 – 3 ဆိုတဲ့ အဝေးကွင်း ဂိုးပြတ် နိုင်ပွဲ ကို ရယူ နိုင်ခဲ့ပြီး ကွာတား ဖိုင်နယ် အဆင့် ကို တက်ရောက် နိုင်ခဲ့ ပါပြီ ။

အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အသင်း အတွက် သွင်းဂိုး တွေကို အသင်း ရဲ့ ဘယ် နောက်ခံ ကစားသမား ဖြစ်သူ လုခ်ရှော နဲ့ ပွဲထွက် ကစား ခွင့် ပိုင်ဆိုင် ခဲ့တဲ့ တိုက်စစ်မှူး အိုဒီယံ အစ်ဂ်ဟာလို ( 2 ဂိုး ) တို့က ကိုယ်စီ သွင်းယူ ပေးသွား နိုင်ခဲ့ ကြ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ဒါဟာ ယူနိုက်တက် အသင်း ရဲ့ ဂန္ဓဝင် တိုက်စစ်မှူး ဟောင်း ဖြစ်သူ ဝိန်း ရွန်းနီ အတွက် အမေရိက မှ အင်္ဂလန် မြေကို ပြန်လာ ခဲ့တဲ့ နောက် အသင်း ဟောင်းနဲ့ ပထမဆုံး အကြိမ် အဖြစ် ပြန်လည် ရင်ဆိုင် ကစား ခဲ့ ရတဲ့ ပွဲစဉ် ပဲ ဖြစ်ခဲ့ ပါတယ် ။

ဒီပွဲ မှာတော့ ဝိန် ရွန်းနီ ဟာ ကောင်းမွန်တဲ့ ဂိုးပေါက် ကန်သွင်းမှု လုပ်ဆောင် ခဲ့ သလို ဂိုး ဖြစ်နိုင် သင့်တဲ့ ဖရီးကစ် ကန်ချက် တွေကို လည်း လုပ်ဆောင် နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် အသင်းဖော် ဟောင်း ဖြစ်တဲ့ ဆာဂျီယို ရိုမဲရိုး က ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ် မှု တွေကို လုပ်ဆောင် သွားနိုင် ခဲ့ ပါတယ် ။

ဒါ့ကြောင့် ပွဲစဉ် အပြီး သတင်းစာ ရှင်းလင်းပွဲ မှာ သူ့ရဲ့ ကောင်းမွန်တဲ့ ဖရီးကစ် ကန်ချက် တွေကို ဂိုး ရရှိ ခွင့် မပေး ခဲ့တဲ အသင်း ဖော်ဟောင်း ဆာဂျီယို ရိုမဲရိုး ဟာ အကြင်နာ ကင်းမဲ့ လှသူ ဖြစ်ကြောင်း ဝိန်း ရွန်းနီ က ဟာသ လုပ်သွား ခဲ့လိုက် ပါတယ် ။

” ဆာဂျီယို ဟာ ကြင်နာ လိုတဲ့ စိတ် အခြေမနေ မပိုင်ဆိုင် ခဲ့ သလို ပါပဲ ။ သူ့ အနေ နဲ့ တစ်ကြိမ် လောက်တော့ ဂိုး ပေးခဲ့ သင့် ပါတယ် ။ အဲ့တာ က ကောင်းမွန် လှတဲ့ ဂိုး တစ်ဂိုး ဖြစ်နိုင် ခဲ့မှာပါ ။ ဟုတ်တယ် မလား ? ” လို့ ရွန်းနီ က ဟာသ လုပ်သွား ခဲ့လိုက် ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ဝါရင့် ကွင်းလယ် ကစားသမား ဖြစ်တဲ့ ဝိန်း ရွန်းနီ ဟာ ဒါဘီ ကောင်တီ အသင်း ရဲ့ ကွင်းလယ် ပိုင်းမှာ အသက် 19 နှစ် အရွယ် မက်စ် ဘာ့ဒ် ၊ အသက် 18 နှစ် အရွယ် လူဝီ ဆစ်ဘ်လေ ၊ အသက် 19 နှစ် အရွယ် ဂျေဆွန် နိုက် တို့နဲ့ တွဲဖက် ကစား ခဲ့ရ ပါတယ် ။

အဆိုပါ လူငယ် ကစားသမား လေးတွေ ဟာ ကွင်းလယ် ပိုင်းမှာ ပုံစံ ကောင်းတွေ ပြသ သွားနိုင် ခဲ့ကြ ပါတယ် ။ အဆိုပါ ပဲစဉ် မှာ ဆစ်ဘ်လေ ဟာ ကွင်းလယ် မှာ တော်မီနေး နဲ့ အတူ ရင်ဆိုင် ကစား ခဲ့ ရပြီး ကောင်းမွန် တဲ့ ပွဲကောင်း တစ်ပွဲ ကို ပျော်ရွှင် ခံစား နိုင်ခဲ့ ပါတယ် ။

ထို့အတူ သူဟာ ကောင်းမွန် လှတဲ့ စိန်ခေါ်မှု အချို့ ကိုလည်း လုပ်ဆောင် ပေးနိုင် ခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ် အပြီး မှာတော့ ရလဒ် ပိုင်း အရ စိတ် မကျေနပ် စရာ ဖြစ်ခဲ့ ရတဲ့ ပွဲစဉ် မှ ဘယ်လို အပေါင်း လက္ခဏာ ဆောင်တဲ့ အရာ တွေကို မြင်တွေ့ ခဲ့ရ သလဲ ဆိုတာ ရွန်းနီ က ဖွင့်ဟ သွားခဲ့ လိုက် ပါတယ် ။

” ယူနိုက်တက် က ကောင်းမွန် လွန်းတဲ့ အသင်း ဖြစ်တယ် ဆိုတာ ကျွန်တော် တို့ ကောင်းကောင်း မြင်တွေ့ ခဲ့ရ ပါတယ် ။ ကျွန်တော် တို့ဟာ ဒီပွဲ မှာ အနိုင် ရလို ခဲ့ကြ ပါတယ် ။ အခု မဲခွဲ ရလဒ် က ကျွန်တော် တို့ အတွက် ရော ယူနိုက်တက် အတွက် ပါ တစ်ကယ့် ကို ကောင်းမွန် ခဲ့တယ် လို့ ကျွန်တော် ထင်ပါတယ် ”

” ဒီည မှာတော့ သူတို့ ပိုကောင်း ခဲ့ ကြတယ် လေ ။ ဒါပေမယ့် ဒီ ပွဲစဉ် က ကျွန်တော် တို့ရဲ့ လူငယ် ကစားသမား လေးတွေ အတွက် အကျိုးရှိ ခဲ့တဲ့ ညချမ်း တစ်ခု လို ပြောလိုချင် ပါတယ် ။ သူတို့ တွေဟာ အသင်း နဲ့ ပရိသတ် တွေကို စိတ် မကျေမနပ် မဖြစ် စေခဲ့ ကြ ပါဘူး ”

” ဒီနေ့ ပွဲမှာ သူတို့ တွေဟာ ကောင်းမွန် လှတဲ့ အခိုင်အတန့် အချို့ ကို ပိုင်ဆိုင် နိုင်ခဲ့ ကြ ပါတယ် ။ ဒါ့ကြောင့် ဒီနေ့ ပွဲစဉ် မှာ ကျွန်တော် တို့ ရှုံးနိမ့် ခဲ့တယ် ဆိုရင် တောင်မှ ကောင်လေး တွေဟာ ဘယ်လောက် ကောင်းမွန် ကြသလဲ ဆိုတာ ကမ္ဘာ ကြီးကို ပြသ နိုင်ခဲ့ ကြ ပါတယ် ” လို့ ရွန်းနီ က သူတု့ိ အတွက် အပေါင်း လက္ခဏာ ဆန်ခဲ့တဲ့ အရာ အကြောင်း ထုတ်ဖော် ပြောကြား ခဲ့လိုက် ပါတယ် ။

#Sports_Myanmar