ကွင်းလယ် ကစားသမား ကောင်းတွေ များနေချိန် ပေါ့ဂ်ဘာ ဝင်ရောက်လာမယ် ဆိုရင် ဘယ်လို ကစားကွက် သုံးဖြစ်မလဲ ဆိုတာ ပြောကြားလိုက်တဲ့ ဆိုးလ်ရှား

လက်ရှိ ဘောလုံး ရာသီ အတွင်း မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ကွင်းလယ်ပိုင်း နဲ့ တိုက်စစ်ပိုင်း တွေမှာ လိုအပ်ချက် တွေ ရှိနေ သေးကြောင်း အမြဲလို ထောက်ပြ ခံခဲ့ရ ပါတယ် ။ အထူးသဖြင့် ယူနိုက်တက် ကွင်းလယ် ဟာ မတောင့်တင်း တဲ့ အတွက် တိုက်စစ် ကစားသမား တွေ ရုန်းကန် နေရတာ ဖြစ်ကြောင်း ထင်ကြေး ပေးခံ ခဲ့ရ ပါ သေးတယ် ။

အခြား တစ်ဖက် မှာတော့ အားထား ရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ဟာ ဒဏ်ရာ ပြသနာ ကြုံတွေ့ နေခဲ့ ရတာ ကြောင့် ယူနိုက်တက် ကွင်းလယ်ပိုင်း ဟာ ဖန်တီးမှု အားနည်း နေခဲ့တာ ဖြစ်ကြောင်း ၊ မာတစ် နဲ့ မာတာ တို့ရဲ့ ကစားပုံ ဟာ အတော်လေး လေးတိလေးကန် ဖြစ်နေပြီ ဖြစ်ကြောင်း ဝေဖန်မှု များစွာ ရှိနေခဲ့ ပါတယ် ။

ဒါ့အပြင် လင်ဂတ် ၊ ဖရက်ဒ် နဲ့ ပါရဲရား တို့ရဲ့ စွမ်းရည် တွေက ယူနိုက်တက် မှာ ရှိနေ ဖို့တောင် မသင့်တော် ကြောင်း ဝေဖန် မှုတွေ ခံခဲ့ ရပါ သေးတယ် ။ အဆိုပါ အချိန် တုန်းက တော့ ယူနိုက်တက် ကွင်းလယ် အတွက် တော်မီနေး က လွဲရင် ကျန်တဲ့ သူတွေ အားလုံး နီးပါး ဝေဖန် ခံခဲ့ ကြရ ပါတယ် ။

ဒါပေမယ့် နောက်ပိုင်း မှာတော့ ပွဲထွက်ခွင့် တွေ များပြား ခဲ့တဲ့ ဖရက်ဒ် ဟာ ခြေစွမ်းတွေ တစ်စ ထက် တစ်စ ကောင်းမွန် လာခဲ့ပြီး ဒီ ရာသီ နှောင်းပိုင်း ယူနိုက်တက် မှာ ခြေစွမ်း အမှန်ဆုံး ကစားသမား တစ်ဦး ဖြစ်ခဲ့ ပါတယ် ။ ဒါအပြင် နောက်ပိုင်း ပွဲစဉ် တွေမှာ မာတစ် ရဲ့ ခြေစွမ်း တွေ ကလည်း သိသိသာသာ တိုးတက် ကောင်းမွန် လာခဲ့ပြီး ပရိသတ် တွေရဲ့ ချီးကျူးမှု ကိုပါ လက်ခံ ရရှိ ခဲ့ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် တို့ ဖန်တီးမှု အားကောင်းတဲ့ ကစား သမား ကို အလိုရှိ သေးတဲ့ အတွက် စပို့တင်း လစ္စဘွန်း မှ ဘရူနို ဖာနန်ဒက်စ် ကို ခေါ်ယူ ခဲ့ကြ ပါတယ် ။ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ကလည်း ယူနိုက်တက် ဆီကို စတင် ရောက်ရှိ ကတည်းက ပုံစံကောင်းတွေ ပွဲတိုင်း ပြသ နိုင်ခဲ့တဲ့ အတွက် ချီးကျူး မှုတွေ အထူး ခံခဲ့ရ ပါတယ် ။

အခုတော့ ဒဏ်ရာ ပြသနာ ကြုံတွေ့ ခဲ့တဲ့ တော်မီနေး ဟာလည်း ပြန်လည် သက်သာ ကောင်းမွန် ခဲ့ပြီး ပုံစံကောင်း ပြသ နိုင်ခဲ့ ပါပြီ ။ အခြား တစ်ဖက် မှာတော့ အားထား ရတဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ ဟာလည်း ဒဏ်ရာ ပြသနာ မှ သက်သာ လာပြီ ဖြစ်တဲ့ အတွက် မတ်လ တတိယ အပတ် လောက်မှာ အသင်း အတွက် ပါဝင် ကစား ပေးဖို့ အလားအလာ ကောင်းနေ ပါတယ် ။

ဒီလို အချိန် မှာ ဆိုးလ်ရှား အတွက် ခေါင်းခဲ စေမယ့် အရာ က အကောင်းဆုံး ခြေစွမ်း တွေ ပြသ နေတဲ့ တော်မီနေး ၊ ဖရက်ဒ် ၊ မာတစ် ၊ ဘရူနို ဖာနန်ဒက်စ် နဲ့ ကမ္ဘာ့ အဆင့် ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ပေါ့ဂ်ဘာ တို့ ထဲက ဘယ်သူ တွေကို ကွင်းလယ်မှာ နေရာပေး ကစား စေမလဲ ဆိုတာ ပါပဲ ။

ပေါ့ဂ်ဘာ ဆိုတာ ကြံ့ခိုင်မှု ပြည့်ဝ ကောင်းမွန် နေရင် ပွဲထွက် ကစားသမား အဖြစ် မှ ချန်လှပ် ထားသင့်တဲ့ ကစားသမား မျိုး မဟုတ် ပါဘူး ။ ဒါ့အပြင် ယူနိုက်တက် ပရိသတ် တွေ ကလည်း ကွင်းလယ် ကစားသမား သစ် ဖြစ်သူ ဘရူနို ဖာနန်ဒက်စ် နဲ့ ပေါ့ဂ်ဘာ တို့လို စပါယ်ရှယ် ကစားသမား နှစ်ဦး တွဲဖက် ကစား မယ့် ကွင်းလယ် ကို စောင့်ကြည့် လိုကြ သူတွေ ပဲ ဖြစ်ကြ ပါတယ် ။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ အဲဗာတန် အသင်း နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ် တုန်းက တော်မီနေး ၊ ဖရက်ဒ် နဲ့ မာတစ် တို့ကို ကွင်းလယ် ခံစစ် နေရာ မှာ ထားပြီး ဘရူနို ဖာနန်ဒက်စ် ကို ကွင်းလယ် တိုက်စစ်ပိုင်း မှာ ထားပြီး ကစား စေခဲ့ ပါတယ် ။ တိုက်စစ် မှာတော့ မာရှယ် နဲ့ ဂရင်းဝုဒ် တို့ကို နေရာပေး ကစား စေခဲ့ ပါတယ် ။ အခုတော့ ပေါ့ဂ်ဘာ ပြန်လည် ပါဝင် လာမယ် ဆိုရင် ဘယ်လို ကစား ဖြစ်မလဲ ဆိုတဲ့ အပေါ် …

” ကောင်းပါပြီ ၊ ပေါ့ဂ်ဘာ ပြန်လည် ပါဝင် လာခြင်း က အသင်း အတွက် အားတက် စရာ ဖြစ်သွား မှာပါ ။ နီမန်ဂျာ နဲ့ ဖရက်ဒ် တို့ရဲ့ စွမ်းဆောင်ရည် တွေက အံ့ဖွယ် ပါပဲ ။ စကော့ ( တော်မီနေး ) ဟာလည်း ပြန်လည် ကြံ့ခိုင် နေပါပြီ ။ ဒီအတွက် ကျွန်တော် တို့ဟာ ကွင်းလယ် ကစားသမား လေးဦး ထားပြီး ကစား စေဖို့ ဆုံးဖြတ် ခဲ့ကြ ပါတယ် ”

” ဘရူနို ရောက်ရှိ လာမုှ နဲ့ အတူ ကျွန်တော် ဟာ ရုတ်ချည်း ပဲ ကွင်းလယ် ကစားသမား လေးဦး ထားပြီး ကစား နိုင်တဲ့ အနေအထား တစ်ရပ် ပိုင်ဆိုင် နိုင်ခဲ့ပြီ လေ ။ အဲ့တာ က အဲဗာတန် နဲ့ ပွဲမှာ အတော်လေး ကောင်းမွန် ခဲ့ ပါတယ် ။ အဲ့ဒီ အချိန်က ကျွန်တော် တို့ရဲ့ ကွင်းလယ် ဟာလည်း အရည်အသွေး ကောင်း တွေလည်း ပြနိုင် ခဲ့တယ် လို့ ကျွန်တော် ထင်ပါတယ် ” လို့ ဆိုးလ်ရှား က ရှေ့ဆက် ကွင်းလယ် ကစားသမား လေးဦး အသုံးပြု နိုင်ကြောင်း ပြောကြား သွားခဲ့ ပါတယ် ။

ဒီအတိုင်း သာ ဆိုရင် ပေါ့ဂ်ဘာ သာ ပါဝင် ကစားခွင့် ရရှိ နိုင်ခဲ့ ပါက ယူနိုက်တက် ကွင်းလယ်မှာ နေရာပျောက် သွားနိုင်မယ့် သူက အသက်အရွယ် ရရှိ နေပြီ ဖြစ်သလို စာချုပ် သက်တမ်း မတိုးနိုင် သေးတဲ့ ကွင်းလယ် ခံစစ် ကစားသမား ဖြစ်သူ နီမန်ဂျာ မာတစ်ပဲ ဖြစ်ပါတယ် ။ အကယ်လို့ မာတစ် ကသာ နေရာ ပျောက်ဆုံး ဖြစ်မယ် ဆိုရင် သူဟာ စာချုပ် သက်တမ်း တိုးဖို့ ထက် အသင်းပြောင်း ဖို့ ပိုပြီး ရွေးချယ် သွားနိုင် ပါ လိမ့်မယ် ။

#Sports_Myanmar