ကတိ” တစ်လုံးကို တန်ဖိုးထားခဲ့တာကြောင့် နောင်တရခဲ့ရတဲ့ ဟင်းနရစ်လာဆင်

ဆဲလ်တစ် နဲ့ ဘာစီလိုနာ အသင်းရဲ့ တိုက်စစ်မှုး ဟင်းနရစ် လာဆင် ဟာ မန်ချက်စတာ ယူနိုက်တက် ကို ဆာအဲလက်စ် ဖာဂူဆန် ကိုင်တွယ် နေတဲ့ 2007 ခုနှစ် တုန်းက အငှား ရောက်လာ ခဲ့ပြီး အချိန် ကာလ အနည်းငယ် သာ ကစား ဖြစ်ခဲ့ ပါတယ် ။ ဒါပေမယ့် ဆွီဒင် တိုက်စစ် မှုးကြီး ဟာ ယူနိုက်တက် ပရိသတ်တွေ ချစ်ခင် နှစ်သက်တဲ့ ကစား သမား ဖြစ်လာ ခဲ့ပြီး အောင်မြင် ခဲ့တဲ့ အငှား ခေါ်ယူမှု တစ်ခု အဖြစ် သတ်မှတ် ခြင်း ခံခဲ့ ရ ပါတယ် ။

ဒါပေမယ့် လာဆင် ဟာ အိုးထရက် ဖိုဒ့် မှာ အကြာကြီး မကစား ခဲ့ရ ပါဘူး ။ ဆွီဒင် ကလပ် ဟယ်ဆင်ဘော့ ကနေ အငှား ရောက်လာ ခဲ့တဲ့ လာဆင် ဟာ ယူနိုက်တက် မှာ ၂ လ သာ ကစား ခဲ့ကာ ဆွီဒင် ကို ပြန်သွားခဲ့ရ ပါတယ် ။

ဘာကြောင့် ပါလဲ . . .

လာဆင် ယူနိုက်တက် ကို လာရောက် ကစား ချိန် ဟာ ဆွီဒင် ဘောလုံး ရာသီ တစ်ခု အဆုံးသတ် ခဲ့တဲ့ အချိန် ဖြစ်ပြီး ရာသီ သစ် ပြန်လည် စတင်ချိန် မှာတော့ ဟယ်ဆင်ဘော့ ကို ပြန်သွား ခဲ့ရ ပါတယ် ။ ဒီ ကိစ္စ ကို ယူနိုက်တက် နည်းပြ ဆာအဲလက်စ် ကလည်း သဘောတူခဲ့ တယ်လို့ သိရ ပါတယ် ။

ဒါပေမယ့် Sky Sports သတင်း ဌာန နဲ့ ပြောဆို ခဲ့တဲ့ အင်တာဗျုး အစီအစဉ် မှာတော့ လာဆင် က သူ့ အနေနဲ့ ယူနိုက်တက် မှာ ၁၂ ပွဲ သာ ကစား နိုင်ခဲ့မှု အပေါ် နောင်တ ရမိ ခဲ့တယ် လို့ ဝန်ခံရင်း ဘာကြောင့် ယူနိုက်တက် မှာ အကြာကြီး မကစား ဖြစ်ခဲ့ သလဲ ဆိုတာ ကို ပြန်ပြောင်း ပြောပြ သွားခဲ့ ပါတယ် ။

အဆိုပါ အင်တာဗျုး မှာ လာဆင် က သူ့ရဲ့ မူရင် ကလပ် ဟယ်ဆင်ဘော့ အပေါ် ဘယ်လောက် အထိ သစ္စာ စောင့်သိ ခဲ့သလဲ ဆိုတာ နဲ့ ကတိ တစ်လုံး ဟာ ယူနိုက်တက် မှာ ကြာကြာ မကစားဖြစ် အောင် ဟန့်တား ချည်နှောင် ခဲ့တယ် လို့ ဆိုသွား ခဲ့ ပါတယ် ။

“ယူနိုက်တက် မှာ ၂ လ ထက် ဆက်နေ ဖို့ ဖျောင်းဖျ ခဲ့တဲ့ အသင်းသားတွေ တောင် ရှိပါတယ် ။ သူတို့ ကို အခုထိ မှတ်မိ နေတုန်း ပါပဲ ။ နည်းပြ ကလည်း ( ဖာဂူဆန် ) ကျွန်တော့ ကို ဆက် နေစေချင်ခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော် ဟယ်ဆင်ဘော့ ကို ကတိ ပေးခဲ့ ပြီးပါပြီ ။ ဘာမှ မတတ် နိုင်တော့ ပါဘူး”

“ဟယ်ဆင်ဘော့ ဟာ ဆွီဒင် က ကလပ် အသင်းလေး တစ်သင်း ပါ ။ သူတို့ ဟာ ကျွန်တော့ ကို ခေါ်ဖို့ ငွေတွေ အများကြီး ရင်းနှီးခဲ့ ရတာပါ ။ ဒါကြောင့် ၂ လ ပြည့်ရင် ၊ ရာသီ ပြန်စရင် ပြန်လာမယ် လို့ ကျွန်တော် ကတိပေး ခဲ့ ပါတယ်”

“အဲဒီ အချိန်တုန်းက မန်ချက်စတာ ယူနိုက်တက် ဟာ အရမ်း တောင့်တင်းတဲ့ အသင်းကြီး တစ်သင်းပါ ။ အောင်ပွဲတွေ လည်း ဆက်တိုက် ရခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော့ ကတိကို မချိုးဖောက် ချင် ခဲ့ ပါဘူး ။ ဒါကြောင့် ဆွီဒင် ကို ပြန်သွား ခဲ့တာပါ” လို့ လာဆင် က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ယူနိုက်တက် အသင်းခေါင်းဆောင် ဂယ်ရီ နဗီးလ် ဟာ အဆိုပါ အချိန် တုန်းက လာဆင် ကို အသင်းမှာ ဆက်နေဖို့ ဖျောင်းဖျ ပြောဆို ခဲ့ကြောင်းလည်း ဆွီဒင် တိုက်စစ်မှုးကြီး က ဖွင့်ဟ ခဲ့ ပါတယ် ။ ဒီလို နွေးထွေးတဲ့ ကြိုဆိုမှု တွေ ကြောင့် ယူနိုက်တက် မှာ ရှိ ခဲ့တဲ့ အခိုက် အတန့်တွေ ဟာ သူ့အတွက် အရမ်း ပျော်ရွှင် စရာ ကောင်းခဲ့တယ်လို့ လည်း လာဆင် က ဆိုခဲ့ ပါတယ် ။

“ကျွန်တော့ ရဲ့ ဘောလုံး သမား ဘဝ ဟာ ကျေနပ် စရာ ကောင်းခဲ့ ပါတယ် ။ အသင်းကြီးတွေ မှာ ကစား နိုင် ခဲ့ သလို ဖလားတွေ လည်းရ ၊ ဂိုးတွေ လည်း သွင်းနိုင် ခဲ့ ပါတယ် ။ တစ်ခုပဲ နောင်တ ရမိ ပါတယ် ၊ အဲ့ဒါက မန်ချက်စတာ ယူနိုက်တက် မှာ အကြာကြီး ဆက် မနေ ဖြစ်ခဲ့ တာပါပဲ”

လာဆင် ဟာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ၁၂ ပွဲ သာ ကစားပြီး ၃ ဂိုးသာ သွင်းယူ နိုင်ခဲ့ ပေမယ့် ပရိသတ်တွေ ရဲ့ ချစ်ခြင်း မေတ္တာကို ရယူနိုင် ခဲ့ သလို 2006-07 ဘောလုံး ရာသီ အတွက် ပရီးမီးယားလိဂ် ချန်ပီယံ ဆုတံဆိပ် ကိုလည်း ယူနိုက်တက် က ပေးအပ် ခဲ့ ပါတယ် ။

လက်ရှိ မှာတော့ လာဆင် ဟာ ဘောလုံး ကစား ခြင်း ကနေ အနားယူပြီး နည်းပြ ဘဝကို ကူးပြောင်းကာ အေးချမ်းစွာ နေထိုင် လျက် ရှိပါတယ် ။

SPORTS MYANMAR