ယူနိုက်တက် ကို ပြောင်းဖို့ အတွက် အရမ်းကို နီးစပ်ခဲ့ဖူးတယ်လို့ ဖွင့်ဟလိုက်တဲ့ နောက်ထပ် ဂျာမဏီ ရဲ့ အကောင်းဆုံး ကစားသမားတစ်ဦး

ဒီရက်ပိုင်း အတွင်းမှာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ တေ်ာတော်လေးကို နီးစပ်ခဲ့ဖူးတဲ့ အကြောင့် ကမ္ဘာကျော် ဘောလုံးသမား တော်တော်များများက ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။ အဲဒီ အထဲမှာ ဘိုင်ယန် မြူးနစ် အသင်းရဲ့ တိုက်စစ်မှုးတွေ ဖြစ်တဲ့ သောမတ် မူလာ ၊ လီဝန်ဒေ့ါစကီး တို့ ပါဝင်နေသလို ၊ ဒီကနေ့မှာတော့ လက်ရှိ ရီးရဲ မက်ဒရစ် အသင်းရဲ့ ကွင်းလယ် ကစားသမား တစ်ယောက် ဖြစ်တဲ့ တိုနီခရူး ကလဲ မိုယက် လက်ထက်က အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ဖူးတဲ့ အကြောင်း အံ့အားသင့်စရာ ဖွင့်ဟ လာခဲ့ ပါတယ်။

ယူနိုက်တက်ဟာ 2013 ခုနှစ် မှာ ဆာ အဲလက် ဖာဂူဆန် အနားယူသွားတာကြောင့် ၊ သူ့ရဲ့ နေရာကို ဆက်ခံသူ အဖြစ် စကော့တလန်သား နည်းပြ တစ်ဦးဖြစ်တဲ့ ဒေးဗစ် မိုယက်ကို တာဝန် ပေးခဲ့ပါတယ်။ မိုယက်ဟာ ဖာဂူဆန် ခေတ်အလွန် ယူနိုက်တက် ကို ပုံဖော် ဖို့အတွက် ကြိုးစားနေရင်း နဲ့ တိုနီ ခရူးကို ခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။

အဲဒီ အကြောင်းတွေ နဲ့ ပတ်သက်ပြီး သူကိုယ်တိုင် Talk Sports နဲ့ အင်တာဗျူးမှာ “ ခရူး က ယူနိုက်တက် ကို ပြောင်းဖို့ အတွက် ကျနော် နဲ့ သဘောတူညီမှု ရထားပြီးပါပြီ။ အဲဒီ တုန်းက သူတို့ ဇနီးမောင်နှံ နှစ်ယောက် စလုံးကို တွေ့ဆုံပြီး ဆွေးနွေးဖြစ်ခဲ့တာပါ။ သူဟာ ဘိုင်ယန်မှာပဲ ကစားနေဆဲ ရှိပါတယ်” လို့ ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ်။

အကယ်၍ ဒေးဗစ် မိုယက်သာ ယူနိုက်တက် နည်းပြရာထူးမှာ ဆက်ရှိခဲ့မယ် ဆိုရင် ၊ ခရူးဟာလဲ ယူနိုက်တက် ဂျာစီကို ကိုင်မြှောက်ဖြစ်ခဲ့မှာ သေချာပါတယ်။ သို့သော် 2014 ခုနှစ် ဧပြီ လမှာတော့ ၊ သူဟာ ရာထူးကနေ ထုတ်ပယ်ခံရခြင်း နဲ့ အတူ ၊ အပြောင်းအရွှေ့ လုပ်ဆောင်ဖို့ စီစဉ်ထားမှုတွေ ကလဲ အပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ ပါတယ်။

အဲဒီ အချိန်က ယူနိုက်တက် နည်းပြသစ် အဖြစ် လူးဝစ်ဗန်ဟား က တာဝန်ယူမှာ ဖြစ်တဲ့ အကြောင်း အတည်ပြုထားခဲ့ပေမယ့် ၊ ဗန်ဟား ဟာ ခရူး ရဲ့ အပြောင်းအရွှေ့ကို အာရုံစိုက်နိုင်ခြင်း မရှိပဲ နယ်သာလန် အသင်းရဲ့ ကမ္ဘာ့ဖလား ပွဲစဉ်တွေမှာသာ အချိန်တွေ နှစ်မြုပ်ထားရတာပါ။

ရီးရဲ မက်ဒရစ် အသင်းရဲ့ နည်းပြကြီး အန်ဆယ်လောတီဟာ ခရူး ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ဆက်တိုက် ထွက်နေတဲ့ အနေအထားကို အခွင့်ကောင်းယူကာ ၊ အဲဒီချိန်မှာ ကြားဝင်လာခဲ့ပြီး ဘာနေဗျူးထံ ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အကြောင်းတွေ နဲ့ ပတ်သက်လို့တော့ ဂျာမန် စနိုက်ပါကြီး က “ ဒေးဗစ် မိုယက် ဟာ ကျနော်နဲ့ ကို တွေ့ပြီး စားပြောခဲ့တာပါ။ အခြေခံအားဖြင့် ဆိုရင် စာချုပ်ကိစ္စတွေတောင် ပြောပြီးသလောက် ဖြစ်နေပါပြီ။

ဒါပေမယ့် သူက ထုတ်ပယ်ခံလိုက်ရပြီး ၊ ဗန်ဟားက အစားထိုးဝင်လာတယ်လေ။ အဲဒီ အချိန်မှာပဲ အားလုံးက ရှုပ်ထွေးကုန်တော့တာပါ။ ကျနော် ကြားတာက ဗန်ဟား ဟာ သူ့ရဲ့ စိတ်ကြိုက် အသင်းကို ဖွဲ့စည်းဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် သူ့ဆီ ကနေ ဘာဆက်သွယ်မှုမှ ရမလာတော့ ၊ အပြောင်းအရွှေ့ အပေါ် သံသယ ဖြစ်လာတာပေါ့။ ကမ္ဘာ့ဖလားလဲ စတာနဲ့ အန်ဆယ်လော့တီ က ကျနော့် ရဲ့ ဖုန်းကို တိုက်ရိုက် ခေါ်ယူလိုက်တော့ ၊ အခုလို ဘာနေဗျူးကို ရောက်လာတော့တာ ပါပဲ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ခရူး ကို ခေါ်ယူဖို့ ကြိုးစားတဲ့ အထဲမှာ အဲဒီ အချိန်က ယူနိုက်တက် တစ်သင်းထဲ မဟုတ်ပဲ ၊ လီဗာပူး အသင်းလဲ ပါဝင်ခဲ့ ပါတယ်။ လီဗာပူး ရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဂျရတ် နဲ့ ဆွာရက် တို့ဟာ သူတို့ အသင်းဆီ ပြောင်းလာဖို့ မက်ဆေ့တွေ ပို့ခဲ့တယ် ဆိုတဲ့ အကြောင်းကိုလဲ ခရူးက ဝန်ခံသွားခဲ့ ပါတယ်။
SM